မျက်နှာပြင်မှာ အရေးအကြောင်းသက်သာအောင် ဘယ်လိုထိန်းသိမ်းမလဲ
25-Feb-2017
အသားအရေနုပျို ပြီး အရေးအကြောင်းထင်တာကို သက်သာစေဖို့အတွက်ကတော့ Moisturizer သုံးရမယ်လို့ အရင်ဆုံး ပြောချင်ပါတယ်။ Moisturizer က အရေးအကြောင်းထင်ရခြင်းနှင့် အကြောင်းရင်းတစ်ခုဖြစ်တဲ့ အရေပြားခြောက်သွေ့တာကို သက်သာစေနိုင်ပါတယ်။ အရေးအကြောင်း ထင်တာကို လုံးဝမကာကွယ်နိုင်ပေမယ့် အသင့်အတင့်တော့ သက်သာစေပါလိမ့်မယ်။
နောက်တစ်ခုကတော့ နေရောင်ခြည်ပါ။ နေရောင်ခြည်ကလည်း အရေပြားကို အိုမင်းစေတဲ့ အကြောင်းအရင်းတစ်ခုပါပဲ။ နေပူဒဏ်ကို ကာကွယ်ပေးခြင်းနှင့် နေရောင် ကာလိမ်းဆေး အသုံးပြုပေးခြင်းက အရေးအကြောင်း ထင်လာတာမျိုးကနေ အထိုက် အလျောက် ကာကွယ်ပေးပါလိမ့်မယ်။ နောက်ထပ်တစ်ခုကတော့ ဆေးလိပ်သောက် တာပါ။ ဆေးလိပ်သောက်သုံးတတ်သူတွေဟာလည်း အခြားသူတွေထက် အရေး အကြောင်း ပိုထင်တတ်ပါတယ်။ ကျန်တစ်ခုကတော့ အစားအစာပါပဲ။
အစာအာဟာရဓာတ် ပြည့်စုံမျှတအောင် စားသုံးပေးတာက ခန္ဓာကိုယ်ကျန်းမာရေး ကို အထောက်အကူပြုရုံသာမကဘဲ အရေပြားကိုပါ စိုပြည်လှပလာစေပါလိမ့်မယ်။ ဗီတာမင်တွေထဲကဆိုရင် A,C,B3 နဲ့ ဗီတာမင် E တို့ကို ဂရုစိုက်ပြီး စားသုံးပေးပါ။ ဒီလို အချက်တွေကို ဂရုစိုက်ပေးခဲ့မယ်ဆိုရင် အရွယ်မတိုင်မီ အရေးအကြောင်း ဖြစ်တာကနေ ကာကွယ်နိုင်ပါလိမ့်မယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဖြူနှင်း (စစ်ကိုင်း)
Health for all magazine, No.110, March 2016, Pg. 40
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
